တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jul 16,2025
ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန် စာကြည့်တိုက်သို့စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့်အလေ့အထများဖြစ်ပေါ်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်နှင့် အာဇာနည်နေ့အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။