ခိုလမ်မြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ခိုလမ် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါ‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ(မူ၊ လယ်၊ ထက်)အဆင့်များတွင် “အာဇာနည်နေ့တို့မမေ့”၊ “အာဇာနည်နေ့ အဓိဋ္ဌာန်”၊  “အာဇာနည်မျိုး မော်ကွန်းထိုး”၊ ကဗျာပြိုင်ပွဲများတွင် “ကျေးဇူးဂုဏ်ရည် ဆပ်ကြမည်”၊ “အာဇာနည်မြတ် မမေ့အပ်”၊ ပန်းချီပြိုင်ပွဲများတွင် “အာဇာနည်မြတ် မမေ့အပ်”၊ “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်များဖြင့် အသီးသီးယှဉ်ပြိင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)