ရမည်းသင်းမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ
Jul 16,2025
ရမည်းသင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ အနေဖြင့် စပါးမျိုးစေ့ချကိရိယာကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာ ဖြေရှင်းပေးနိုင်ရေး ၊ အချိန်တိုအတွင်းစိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါး အထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍ စက်မှုလယ်ယာ ဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း 10 Rows Seeder ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ရမည်းသင်းမြို့နယ် နွားကူးကျေးရွာ၊ ကွင်းအမှတ် (၁၁၂၄) ရှိ ဒေသခံတောင်သူ ဦးတိုးတိုးလွင်၏ လယ်မြေ နှစ်ဧကအတွင်း ကျင်းပသည်။