သတင်းများ

ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း‌ကျောင်း နောင်ပီကျောင်း၌ အသိပညာပေးဟောပြော
Jul 16,2025
လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး  လူငယ်ဆိုင်ရာအသိပညာပေးကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း‌ကျောင်း နောင်ပီကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်သည်။
မိုင်းစံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 16,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအေခြပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ရထိုက်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 16,2025
ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေပြီး ဗဟုသုတပြည့်စုံသော လူတော်လူကောင်းကလေးများဖြစ်လာစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်ရှိ ရထိုက်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 16,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဥပဒေအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက တုံတာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Jul 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲယှဥ်ပြိုင်နေမှုတက်ရောက် ကြည့်ရှုအားပေး
Jul 16,2025
ဘောလုံးအားကစား အဆင့်အတန်းပိုမိုမြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဥ်များနှင့်ဗိုလ်လုပွဲစဥ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်
Jul 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြခံပညာမူလတန်းကျောင်း(ပါဆာ)သို့ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။