မိုင်းနောင်မြို့ (Community Center)ခန်းမတွင် ကျေးလက်နေအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ပြုလုပ်

မိုင်းနောင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ (Community Center)ခန်းမတွင် ကျေးလက်နေအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ရီမှ ကျေးလက်နေအမျိုးသမီးများအားလုံး၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပိုဝင်ငွေရရှိစေရန် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရှိရအတွက် သင့်တော်သောလုပ်ငန်းများကို ဝိုင်းဝန်းအကြံပြုပေးကြရန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက အမျိုးသမီးငယ်များအတွက် လိုအပ်သော သင်တန်းနေရာများ၊ အကူအညီများ၊ လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းများရှိပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆွေးနွေးကာ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ကျေးလက်နေအိမ်ထောင်ရှင် အမျိုးသမီးများကို အိမ်တွင်းမှုလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ ဝါးထမင်းဘူးယက်လုပ်ခြင်းလုပ်ငန်းများကို စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်း (မိုင်းနောင်)