တံတားဦးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တံတားဦး ဒီဇင်ဘာ ၂၉

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တံတားဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကား ပြောကြားရာ၌ ဆောင်းသီးနှံများ သတ်မှတ်လျာထားဧကပြည့်မီရေး၊ တိုင်းဒေသကြီး၏ ညွှန်ကြားချက်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပညာရေးနှင့်ပတ်သက်ပြီး အောင်ချက်မြင့်မားရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းနိုင်က လုံခြုံရေးဆိုင်ရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တံတားဦးမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာကြသည့် ခရိုင်အဆင့်တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ မိမိဆောင်ရွက်နေသည့် လုပ်ငန်းများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး  လုပ်ငန်းလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)