ကလေးမြို့တွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပ

ကလေး    ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အမှတ်(၃) အခြေခံပညာအလယ်တန်း ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာ ပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီးကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများဖြစ်သည့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံများ၊ နိုင်ငံခေါင်းဆောင်များလွတ်လပ်ရေး ရရှိရန်ကြိုပမ်းခဲ့ပုံများ၊ လွတ်လပ်ရေးကိုလက်ဆက်ကမ်းထိန်းသိမ်းသွားကြရန်တို့ကိုဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၁၂၀)ကျော် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူများမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)