တောင်သာ ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်သာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စာစီစာကုံးခေါင်းစဉ်အား မဲ၌ရွေးချယ်ကာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ဖြေဆိုရပြီး အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် ကျောင်းသား/ကျောင်းသူပေါင်း(၃၀) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဇန်နဝါရီလ(၄)ရက် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် ဆုများချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)