မကွေးတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပ

မကွေး ဒီဇင်ဘာ ၂

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်ဦးက လွတ်လပ်ရေးအပေါ် နိုင်ငံသူ၊ နိုင်ငံသား၊ ပြည်သူ၊ ပြည်သားများထားရမည့် စိတ်ထားနှင့်ပတ်သက်၍ စည်းကမ်းနှင့်လွတ်လပ်ခြင်း၊ Dependent vs Independentand Interdependent၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာ၊ လွတ်လပ်ခြင်းနှင့်တာဝန်၊ လွတ်လပ်ခြင်းနှင့်တရားမျှတခြင်း၊ မိမိကိုယ်ကို လေးစားခြင်းနှင့် လွတ်လပ်သောစိတ်၊ လွတ်လပ်ခြင်းနှင့်ငြိမ်းချမ်းခြင်း စသည့် ခေါင်းစဉ်ငယ်များအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် သမိုင်းဌာနပါမောက္ခဌာနမှူးဒေါက်တာသီတာမြင့်က“မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်းချုပ်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲကိုလည်းကောင်း၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကိုလည်းကောင်း၊  ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဆရာ၊ ဆရာမများက ကျပန်းစကားပြောပြိုင်ပွဲကိုလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာင်မောင်ဦးဒုတိယပါမောက္ခချုပ်ဒေါက်တာချိုချိုလွင်နှင့် ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာမြင့်တို့က ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။  

အောင်ကို(ပြန်/ဆက်)