သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ည‌နေပိုင်းက အမှတ် (၂၀) အ‌‌ခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်‌မောင်ဆွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများလာ‌‌ရောက် ကြည့်ရှုအားပေးခဲ့သည်။
သရက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 05,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက တေဇအားကစာခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ စုပေါင်းတန်းစီကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲ ကျင်းပ
Jan 05,2024
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲကို ယမန်နေ့ ကျိုင်းတုံမြို့မ အားကစားကွင်းတွင် ကျင်းပသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲ အခမ်းအနား ကျင်းပ
Jan 05,2024
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ညပိုင်းတွင် ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဟင်္သာတအကျဉ်းထောင်၌ အကျဉ်းသား/သူ (၁၉၂)ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြု
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းသား(၁၅၆)ဦး၊ အကျဉ်းသူ (၃၆)ဦး၊ စုစုပေါင်း(၁၉၂)ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၄ ရက်စွဲပါ အမိန့်အမှတ်၊ (၁/၂၀၂၄)အရ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)ဖြင့် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များနေ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ တာလေတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသားဦးရေ (၂၉၁) ဦးအား နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒစ်လွတ်ငြိမ်းခွင့်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၂၉၁) ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။