Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမှတ် (၁/၂၀၂၄) အရ အကျဥ်းသား/အကျဉ်းသူ (၅၀) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄-၁-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၄)၊ ကျင့် ၄၀၁ (၁) အရ အကျဥ်းသား အမျိုးသား(၄၅)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၅၀)ဦး ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးသည့် အခမ်းအနားကို ယနေ့ နံနက် ၁၂ နာရီအချိန်က အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံ လွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Jan 05,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်
Jan 05,2024
ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက် နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီက တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ်
Jan 05,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဘီလူးကျေးရွာအုပ်စု စုစည်းအောင်မြေကျေးရွာ၌ ယမန်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က (ပုံပါကျင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် မူကြိုပြီးဆုံးကြောင်း အောင်လက်မှတ်ပေးအပ်ပွဲကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ ကျင်းပသော (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲများ၊ ကလေးငယ်များ၏ ကာယ၊ ဉာဏပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် မူကြိုပြီးဆုံးကြောင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မြို့မအားကစားကွင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီမှ စ၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီနှင့်ဂီတထူးချွန်သော ကလေးငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီနှင့်ဂီတထူးချွန်သော ကလေးငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10998
Page
10999
Page
11000
Page
11001
Current page
11002
Page
11003
Page
11004
Page
11005
Page
11006
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department