သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုများချီးမြှင့်
Jan 05,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင် အားကစားကွင်းတွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၆ ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြု
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၁/၂၄)အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား (၃၁)ဦး၊ အကျဉ်းသူ (၁၅)ဦး စုစုပေါင်း (၄၆)ဦးတို့အား ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၅၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ နတ်​တော် လပြည့်​ကျော် ၈ ရက်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်​နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် ​စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘို အကျဉ်းထောင်မှ အကျဉ်းသား/သူ(၅၄)ဦးအား ယနေ့ နံနက်ပိုင်းအချိန်က လွှတ်ပေးခဲ့​ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်‌ရောက်ချီးမြှင့်
Jan 05,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့သည်။
မိုင်းခုတ်မြို့၊ အမှတ်(၅၈၀)ခြေမြန်တပ်ရင်း အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၅၈၀)ခြေမြန်တပ်ရင်း အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့၌ မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီမှ ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီထံသို့ ရန်ပုံငွေလက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ပြုလုပ်
Jan 05,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် မြစိမ်းရောင်(အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီမှ အင်းယားကျိုင်းခမ်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာ မြစိမ်းရောင်(အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီထံသို့ အဌမအကြိမ်မြောက် ရန်ပုံငွေလက်ဆင့်ကမ်းဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ(၅)ရက် နေ့လည်(၁)နာရီက ညောင်ရွှေမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ အ.ထ.က-ခွဲ(၅ ရပ်ကွက်)တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့် နွားနို့နှင့် ကြက်ဥတိုက်ကျွေး
Jan 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company နှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် မင်းလံကစကဲအကျဥ်းစခန်းမှ အကျဉ်းသား(၂၄)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မင်းလံကစကဲ အကျဥ်းစခန်းမှ အကျဉ်းသား(၂၄)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။