ဟင်္သာတ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းသား(၁၅၆)ဦး၊ အကျဉ်းသူ (၃၆)ဦး၊ စုစုပေါင်း(၁၉၂)ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၄ ရက်စွဲပါ အမိန့်အမှတ်၊ (၁/၂၀၂၄)အရ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)ဖြင့် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဟင်္သာတအကျဉ်းထောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး လွတ်မြောက်သွားသူ အကျဉ်းသား/ သူများအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အကျဉ်းဦးစီးဌာန၊ ဟင်္သာတအကျဥ်းထောင်မှ တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းတို့မှ ဆုံးမအမှာစကားပြောကြားခဲ့ပြီး အကျဉ်းသား/သူ (၁၉၂)ဦး တို့အား လိုအပ်သော ကူညီထောက်ပံ့မှုတို့အားဆောင်ရွက်ပေးခဲ့ပြီး အကျဉ်းထောင်မှ လွှတ်ပေးခဲ့ ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)