ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲကို ယမန်နေ့ ကျိုင်းတုံမြို့မ အားကစားကွင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲတွင် နောင်နွန်းကျားအသင်းနှင့် တိုင်းရင်းသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နောင်နွန်းကျားအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆယ်မ၊ ပင့်ထောင်၊ ရိုက်ခုတ် အကောင်းဆုံးဆုရရှိသူများ၊ ပထမ၊ ဒုတိယ၊ တတိယဆုဖလားရရှိသည့် အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်အထိ ကျိုင်းတုံမြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)