သတင်းများ

ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေး
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီအချိန်မှ စတင်၍ ကျင်းပနေမှုအား တာဝန်ရှိသူ များ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
မြို့သစ်မြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မဟာအာဋာနာဋိယသုတ်နှင့် မဟာသမယသုတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ ကျင်းပ
Jan 05,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မဟာအာဋာနာဋိယသုတ်နှင့် မဟာသမ ယသုတ်၊ဥပ္ပါတသန္တိပါဠိတော်အသံမစဲ   ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  အဆိုပါစေတီတော်မြတ်ကြီး၏   မြောက်ဘက်မုခ်  မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး  ကိန်းဝပ်စံပါယ်သည့်  ဝတ်တော်အတွင်း ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကြည့်ရှုအားပေး
Jan 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များအလိုက် သွားရောက် ကြည့်ရှုအားပေးကြသည်။
ကျေးလက်နေပြည်သူများအား  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်၊ ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ စားသုံးဆီ အခက်အခဲ မရှိစေရေး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ယနေ့ နံနက်ပိုင်းက Zubu Kan Trading Co,Ltd နှင့်  Myanmar Agroseed Co,Ltd   ဝယ်ယူရရှိသော စားအုန်းဆီများကို   ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်
Jan 05,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။
မြို့နယ်ပညာရေးမှူးဖလား အသက်(၁၃)နှစ်အောက် ကျောင်းပေါင်းစုံဘော လုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပညာ ရေးမှူးဖလား အသက်(၁၃)နှစ်အောက် မူလတန်း အဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၂၁၅)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမှတ်(၁/၂၀၂၄) အရ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်မှ အကျဥ်းသား(၂၁၅)ဦးတို့အား ယမန်နေ့ နေ့လည်ပိုင်းက ရာဇဝတ်ကျင့်ထုံး ပုဒ်မ- ၄၀၁၊ ပုဒ်မ ခွဲ(၁)အရစည်းကမ်းချက်များဖြင့် ၄င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိ သူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။