သတင်းများ

အရာတော်မြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် ဇန်နဝါရီလ ၃ ရက် ညနေ ၃ နာရီက ဆောင်ရွက်ခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ                         
Jan 05,2024
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက စိုက်ပျိုးပြီးစီး
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆောင်းသီးနှံဖူးစားပြောင်း ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ယင်းမာပင်မြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ၊ အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ပင်မြို့နယ် တာဝရေတံခါးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံ‌စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က တာဝရေတံခါးကျေးရွာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ သမဝါယမအသင်းသား တောင်သူများ၏ အထွက်တိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှု
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွန်မှုအရ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုအစီအစဉ် ရွှေမေသမဝါယမအသင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် အထွက်တိုးမျိုးစပါး ထိုင်းမျိုးရက်(၉၀) စပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက် ၉းဝဝ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
မွန်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/ သူ (၇၉၃)ဦး လွတ်မြောက်
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူစားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား (၅၇၁)ဦး၊ အကျဉ်းသူ (၂၂၂)ဦး စုစုပေါင်း (၇၉၃)ဦး လွတ်မြောက်ခဲ့ပါသည်။
မိုင်းယန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။