ဟိုင်းကြီးကျွန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိ စုပေါင်းတန်းစီကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းနှင့် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် ကြွရောက်လာသော ဧည့်သည်တော်ကြီးများမှ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းတို့အား အလေးပြုခဲ့ကြပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်မောင်သန်းမှ လွတ်လပ်ရေးနေ့ မိန့်ခွန်းအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်ရာ ပမ္မဝတီရေတပ်စခန်း ဌာနချုပ် အရာရှိ၊ စစ်သည်မိသားစုများမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဒုတိယဌာနချုပ်မှူး၊ စစ်ဦးစီးမှူး(ပထမတန်း)စစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် ဇနီး၊ ရယစ(၂၆)ရေယာဥ်စုမှူးနှင့် ဇနီးတို့မှ ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရ သည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)