သရက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက တေဇအားကစာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနောက်ရပ်မြောက်ပိုင်းအသင်းနှင့် ထုံးတောင်(ခ)အသင်းတို့ ယှဉ်ပြုင်ကစားရာ ထုံးတောင်(ခ)အသင်းက အနိုင်ရရှိကာ ပထမဆုရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ စစ်တုဘုရင်အားကစားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယအသင်းနှင့် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသက်နိုင်ထွန်းနှင့် တာဝန်ရှိသူအသီးသီးက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)