(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ည‌နေပိုင်းက အမှတ် (၂၀) အ‌‌ခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်‌မောင်ဆွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများလာ‌‌ရောက် ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲတွင် မင်္ဂလာဒီပရပ်ကွက်အသင်းနှင့် ကျည်တောင်ကန်(၁)ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီ (၈) ဂိုး၊ (၇) ဂိုးဖြင့် ကျည်တောင်ကန်(၁)ရပ်ကွက် အသင်းက အနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများအား နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်‌မောင်‌ဆွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး‌အောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)