၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(မိုင်းဆတ်)၌ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲဖြေဆို

မိုင်းဆတ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲမစတင်မီ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက ဆရာ၊ ဆရာမများအနေဖြင့် ဖြေလွှာများစစ်ဆေးရာတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျ စစ်ဆေးကြရန် စသည့်ဖြင့် လူရည်ချွန်ရွေးချယ်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို အ.ထ.က(မိုင်းဆတ်)၊ အ.ထ.က(မိုင်းတုံ)၊ အ.ထ.က(နားကောင်းမူး)၊ အ.လ.က(ကာန)ကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ Grade-11 ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ Grade-12 ကျောင်းသား၊ ကျောင်းသူ(၄)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၆)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)