လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ မိဘ၊ ကျောင်းသား စုံညီပွဲတော်ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်းနှစ် ဆရာ၊ မိဘ၊ ကျောင်းသားစုံညီပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စွမ်းအားခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လမ်းမတော်မြို့နယ်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၂)ဦးလှသိန်းက အဖွင့်အမှာစားပြောကြားပြီး၊ လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (စိန်ဂျွန်း) ကျောင်းသားဟောင်းဆရာကြီး ဦးသိန်းမြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (စိန်ဂျွန်း) ကျောင်းသားဟောင်းများအဖွဲ့နာယက ဦးအောင်မြတ်ကျော်မှ ကျောင်းအတွက် အလှူငွေကျပ်(၂၀)သိန်းအား ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချိုမြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျောင်ဒအုပ်ဆရာမကြီးတို့က Grade-5, Grade-9 တို့တွင် Grade A ရအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ မြို့နယ်အဆင့်ဆရာ၊ မိဘ၊ ကျောင်းသားစုံညီပွဲတော်တွင် ပါဝင်ကူညီခဲ့ကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြင့်ခြင်း၊ ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးပေခဲ့သည်။

ယင်းအပြင် အမှတ်(၁)အခြေခံပညာကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်းနှစ် ဆရာ၊ မဘ၊ ကျောင်းသားစုံညီပွဲတော်တွင် ကျောင်သား၊ ကျောင်းသူလေးများက တေသီးချင်းများ၊ အကအလှများ၊ ကရင်ဝါးညှပ်အကတို့ဖြင့် တင်ဆက်ကပြဖျော်ဖြေခြင်း၊ တိုက်ကွမ်ဒိုသရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်