ကျွန်းလှမြို့နယ်တွင် ပန်းမုံလာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ တိုးချဲ့စိုက်ပျိုး

ကျွန်းလှ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူ များထံမှ သိရသည်။

 “ပန်းမုံလာကို ချောင်းရေတင်ပြီး နှစ်စဉ်စိုက်ပျိုးပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာ အပင် ၂၀၀၀ စိုက်ပျိုးခဲ့ရာ အခုအခါ ပန်းမုံလာတစ်ပွင့်ကို သေးရင် ငွေကျပ် ၁၃၀၀၊ အပွင့်ကြီးရင် ငွေကျပ် ၁၅၀၀ ဈေးရောင်းရပါတယ်။ တောင်သူတွက်ခြေကိုက် သီးနှံဖြစ်တာကြောင့် နောက်ထပ်အပင် ၄၀၀၀ ကျော်တိုးချဲ့ စိုက်ပျိုးထားပါတယ်” ဟု ရှမ်းစုကျေးရွာ တောင်သူ ဒေါ်မြင့်မြင့်က ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စနစ်ဖြင့် စားဖိုဆောင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ ၁၀၆၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ