ငပုတောမြို့နယ်၊ ကျုံကူး-ရေကျော်-ရေတွင်းကုန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးကြည့်ရှု

ငပုတော ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျုံကူး-ရေကျော်-ရေတွင်းကုန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ယမန်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းအား အချိန်မီပြီးစီးရေးနှင့် ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေး အရာရှိချုပ် ဦးရဲခေါင်ထွန်း၊ အရည်အသွေးထိန်းသိမ်းရေးနှင့် စစ်ဆေးရေးအဖွဲ့မှ ဦးစီးအရာရှိ (မြို့ပြ) ဦးသန့်ဇင်၊ ပုသိမ်ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင််းတို့က ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီပြီးစီးရေးအတွက် ကွင်းဆင်းစစ်ဆေးကြည့်ရှုကာလိုအပ်သည်များမှာ ကြားခဲ့ကြောင်းသိရသည်။ အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၁၃)ရွာ၊ အိမ်ခြေ(၃၀၃၄) အိမ်၊ လူဦးရေ(၁၄၀၃၁)ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)