လွိုင်လင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လွိုင်လင်ခရိုင်အတွင်း ပြည်နယ် (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်းနှင့် ပြည်နယ်(ငွေလုံးငွေရင်း)ရံပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လိုအပ်သောယန္တရား (လမ်းကြိတ်စက်) ဝန်ဆောင်မှုရယူခြင်း အိတ်ဖွင့်တင်ဒါ (၂/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီကလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမျူး (မြို့ပြ)က တင်ဒါစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် တင်ဒါတင်သွင်းသူများက လုပ်ငန်းများအတွက် တင်ဒါများကို ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အသီးသီးတင်သွင်းကြရာ တင်ဒါကြီးကြပ်ရေးအဖွဲ့ဝင်များမှ စီစစ်ပြီးနောက် အတည်ပြုကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး တင်ဒါဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပြီးစီးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)