မန္တလေး ဇန်နဝါရီ ၁၀
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီအချိန်ထိ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (ခ/၄၁၆)ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားကြီး ဂေါပကအဖွဲ့၏ ဩဝါဒစရိယ၊ အောင်မြေသာစံမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသိရီဘိဝံသ၊ မဟာဝိဇယာရာမအရှေ့ခင်မကန်တိုက်၊ ကထိန်တော်ဓမ္မာစရိယစာချကျောင်း စာချနာယက အရှင်ဣဒ္ဓိဗလ၊ စာချနာယကအရှင်ကေလာသနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူမည့် သံဃာ တော်၂၇ပါး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ လူမှူရေးရာဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း(မန်း မြေရာဇာ)နှင့် ဂေါပက အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားကို“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ကြသည်။ ထို့နောက် စာချနာယက အရှင်ဣဒ္ဓိဗလ အရှင်သူမြတ်က စိန်ရောင်ခြည်ဘုရားပင့်ဂါထာရွတ်ဖတ်ပူဇော်ပြီး၊ စာချနာ ယကအရှင်ကေလာသ အရှင်သူမြတ်က ဒေဝနိမန္တနဂါထာဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်၍ အောင်မြေသာစံမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသိရီဘိဝံသအရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆရာတော်/သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းကို သံဃာတော်များက ၂၇ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသည်။
မြင့်မော်ထွန်း