ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

​ရွှေဘို ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယ​မန်နေ့ နံနက် ၁၀ နာရီချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ် ဆရာမကြီး ​ဒေါက်တာ မျိုးမျိုးက အဖွင့်အမှာစကား​ပြောကြားရာ လူငယ်​မောင်မယ်များ စာ​ပေကို မြတ်နိုးတန်ဖိုးထားပြီး စာဖတ်သည့် အ​လေ့အထများ ဖြစ်​ပေါ်လာ​စေရန်၊ စာ​ပေအနုပညာရှင်များ ​ပေါ်ထွက်လာ​စေရန် ရည်ရွယ်ခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး ဒုတိယပါ​မောက္ခချုပ် ဆရာမကြီး​ ဒေါက်တာတင်တင်ရီက က​လောင်ရှင်များအား​ ကျေးဇူးတင်ဂုဏ်ပြု​ပါကြောင်း ​ပြောကြားခဲ့ပြီး ​ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့် တာဝန်ရှိသူများက စာမူရှင်များအား ဂုဏ်ပြုဆု​ငွေနှင့် အမှတ်တရလက်​ဆောင်များ ​ပေးအပ်ခဲ့သည်။

အခမ်းအနားသို့​ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ် ဆရာမကြီး​ ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ် ဆရာမကြီး​ ဒေါက်တာ တင်တင်ရီနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါ​မောက္ခများ၊ တွဲဖက်ပါ​မောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊​ စာမူရှင်များ၊ ကျောင်းသား​/ကျောင်းသူ များ တက်​ရောက်ခဲ့​ကြောင်း သိရသည်။    

ခရိုင်ပြန်/ဆက်