မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် (၁၁) နာရီ အချိန်က မှန်ကူကနစိုချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပ သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အာကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်နှင့်စာဖတ်ခြင်း သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ ကာကွယ်ရေးနှင့် စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေးအန္တရာယ်နှင့် မုန်းတိုင်အရောင်အဆင့်ဆင့်များသိမှတ်ဖွယ်ရာများအကြောင်း ဆွေးနွေးခဲ့ကြပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်အမာချိုအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ကျောင်းသား/သူများ (၂၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)