မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မုဒုံ ဇန်နဝါရီ ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် နာရီက မုဒုံမြို့မစျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျကြိုတင်ဆောင်ရွက်ရန် ပညာပေးဟောပြောပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသသည်။ ထို့နောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် စျေးသူစျေးသားများသည် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်နည်းကို ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းသို့    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းနှင့်ဝန်ထမ်းများစျေးသူစျေးသားများ တတ်​ရောက်ခဲ့ကြပြီး မုဒုံမြို့မစျေးတွင်ဆိုင်ခန်း ၁၈၈ ခန်းရှိကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဂါလန် ၁၂၀၀ ဆံ့ရေကန်နှစ်ခုဂါလန် ၈၀၀ ဆံ့ရေကန်တစ်ခုနှင့် နှစ်လက်မခွဲ မီးသတ်ရေငုတ်လေးခုရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)