မုဒုံမြို့၌ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ် ၃၂၄ သိန်းထုတ်ချေးပြီးစီး

မုဒုံ ဇန်နဝါရီ ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ၃၂၄ သိန်းကို ကျေးရွာလေးရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)မှ သိရသည်။

အဆိုပါ ချေးငွေများကို မြို့နယ်အတွင်းရှိ နွေစပါးနှင့် ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးမည့် ဘဲရမ်း၊ တာပသွန်၊ ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာများမှ နွေးစပါးစိုက်ပျိုးမည့် တောင်သူ(၉)ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် လယ်ဧက ၆၀ ဧကအတွက် ချေးငွေကျပ် သိန်း ၉၀ နှင့် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူ (၅၁) ဦးအား တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ၂၃၄ ဧကအတွက် ချေးငွေကျပ် (၂၃၄) သိန်း စုစုပေါင်းချေးငွေကျပ် (၃၂၄)သိန်းကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် (ခွဲ) မန်နေဂျာထံမှ သိရသည်။

သားငယ် (ပြန်/ဆက်)