ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေမြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာမ မေဇွန်အေး၏ “နေခြည်နုနု ပန်းကလေးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်တက်စေရန်နှင့် စာကြည့်တိုက်ကို အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက “နေခြည်နုနု ပန်းကလေးများ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ မနန်းမွေအွန်က “စိတ်ကောင်းစေတနာ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းကွမ်းဆိုင်က “မြင့်မြတ်သောတန်ဖိုး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကျိန်ခမ်းက “ဂိမ်း”ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းအွန်ဆိုင်က “ရွာကလေးရဲ့စာကြည့်တိုက်” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)