ချမ်းအေးသာစံ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Covid PfizerVaccine) စတင် ထိုးနှံပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးနေသည့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ် (၉)ထပ်ဆောင်ရှိဆေးထိုးစုရပ်နေရာသို့ ရောက်ရှိရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းတို့က ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Covid Pfizer Vaccine) ရရှိမှု၊ ဆေးထိုးစုရပ်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် ခုတင် (၃၀၀)သင်ကြား ဆေးရုံကြီးတို့အား သတ်မှတ်ထားပြီး မန္တလေးမြို့ပေါ်ရှိ ဆေးရုံများ၊ ဆေးနှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ပြည်သူ့ကျန်းမာရေးဌာနများရှိ ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားရန် စီစဉ်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးရုံးမှဒုတိုင်းဦးစီးမှူးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးများပါဝင်သည့် ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးနေမှုများနှင့် ကာကွယ်ဆေး ထိုးနှံနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်