ရွှေကူမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရွှေကူ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့သည်။ 

အခမ်းအနားကို အထက(၁) ‌ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်က  ပညာရေးစုံညီပွဲတော် ကျင်းပ ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ဘက်စုံထူးချွန်သော မြို့နယ်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ အကြီးအကဲ များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)