ပိုင်ကျုံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ အချိန်က စတင်ထိုးသတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အသည်းမာပွဲလာ အသည်းကောင်းပွဲတောင်းသူတို့ရဲ့ အထူး(၁)ချီ (၂)ချီ ကြားပွဲ ကြားဆိုင်းများနှင့် (၇)သိန်း၊ (၅)သိန်းအောင်လံလုပွဲများအပြင် ဇန်နဝါရီလ ၁၂ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၂ ရက်ကြာ ထိုးသတ်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၁၂.၁.၂၀၂၄)ရက်နေ့ညတွင် လောကွားထူး (တော်ဝင်ရိုးရာ)+သန်းဦး(အောင်နိုင်သူ)၊ ထွန်းထွန်းနိုင်(ဒေါနတောင်ခြေ)+စောဒူးဒူး (တော်ဝင်ရိုးရာ)၊ နရားချာ+သ္ပိင့်ယုင်ဃွာ၊ ငရဲမင်း+သကြားမင်းတို့မှလည်းကောင်း၊ (၁၃.၁.၂၀၂၄) ရက်နေ့ညတွင် ကြယ်စင်ဖြိုး (အောင်နိုင်သူ)+ရဲရင့်အောင် (Holly power)၊ ၐုင်ပိုင်(ဒေါနတောင်ခြေ)+ထူးစေးဝါး (ရွှေဖူး)တို့ မှလည်းကောင်း ထိုးသတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လက်ဝှေ့ဝါသနာရှင် မိဘ ပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)