လပွတ္တာ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်များမှ အသေးစားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်းများ ကုန်စည်ပြပွဲကို ယမန်ညနေ ၄ နာရီအချိန်က လပွတ္တာမြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ရှိ စိန်ရတုလမ်း၌ ကျင်းပသည်။
အဆိုပါ ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမြင့်၊ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘင်ခရာအဖွဲ့များနှင့် ကရင်ဒုံးယိမ်းအဖွဲ့များအား ဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်များမှ အသေးစားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သော ကုန်စည်များအားပြခန်းပေါင်း ၁၇ ခန်းဖြင့် ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)