မင်းကင်း ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ အချိန်က အဆိုပါကျောင်းရှိ စကားဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို "မင်္ဂလာပါ" သီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် ကပြဖျော်ဖြေသီဆို ဖွင့်လှစ်ခဲ့ပြီးနောက် မင်းကင်းမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံပညာရေးမှူးဦး မောင်လွင်က ပညာပြည့်ဝသည့် ကျောင်းသား/ကျောင်းသူများပေါ်ထွန်းလာစေရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးသောကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးတို့ကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇဉ်အေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကာယ၊ ဉာဏဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်များနှင့် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ် ပညာရေးမှူး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)