မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်း‌

မိုင်းတုံ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ် စာစောင်ပြပွဲများကို နယ်လှည့်ကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  ကျောင်းသား၊ ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် "စာပေလေ့လာခြင်း၏ အကျိုးနှင့် ကလေးအလုပ်သမား ပပျောက်ရေး" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ‌ဆောင်ရွက်‌ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို  ဝန်ထမ်းများ သယ်ဆောင်လာသော သုတ/ရသ စာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန်နှင့် လိုအပ်သည့်အခါ မိမိတို့မှတ်သား ထားသည်များကို ပြန်လည်အသုံးချတတ်‌စေရန် ရည်ရွယ်၍ ပြသပေးခဲ့ခြင်း၊ သုတ/ရသစာအုပ် များကိုလည်း တစ်ပတ်တစ်ကြိမ် လဲလှယ်ငှားရမ်းသည့် စနစ်ဖြင့် ငှားရမ်းပေးခဲ့ကြောင်း ဝန်ထမ်း တစ်ဦးထံမှ သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)