ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကို ယမန်နေ့ နံနက်က အ.ထ.က ကန်ကြီးထောင့်၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် အ.ထ.က ကန်ကြီးထောင့်ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်လွင်က ကျောင်းသား၊ ကျောင်းသူများအား ရည်မှန်းချက်နှင့် ကြိုးစားမှုအကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းက ပညာရေးကဏ္ဍအကြာင်း ရှင်းလင်းကာ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး Clean, Green‌ ကျောင်းအတွက် ဆုရရှိသော ကျောင်းအုပ်ဆရာကြီး၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆရာမကြီးနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက အကအလှ‌များဖြင့်သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်း၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)