ဒဂုံ ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ခြင်း၊ ဧည့်သည်တော်တစ်ဦးမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ပထမပိုင်းအစီအစဥ်ဖြင့် ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်မှ အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခြင်း၊ ဗဟိုတိုင်း/ခရိုင်/မြို့နယ်အဆင့်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်မှ ပေးအပ်ချီးမြှင့်ခြင်း၊ လူရည်ချွန်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဆို၊ က၊ ရေး၊ တီး ဗဟိုအဆင့် အသက် ၁၅ - ၂၀ နှစ်အတွင်း ပုလွေ(ပထမ)၊ တိုင်းအဆင့် အတီး (တယော) (ဒုတိယ)ဆုရရှိသော မောင်ခန့်မင်းညိုက တီးခတ်၍ "တူယှဥ်နွှဲမည် မြို့မစုံညီ" သီချင်းဖြင့် ကျောင်းသား/ ကျောင်းသူလေးများက သီဆိုဖျော်ဖြေခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဥ်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်သင်ကြားရေး ထူးချွန်ဆုရရှိသူဆရာမများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းအဆင့်ဘက်စုံထူးချွန်ဆုနှင့် လူရည်ချွန်ဆုရရှိသူများ၊ စာပေထူးချွန်ဆုရရှိသူများ၊ ၂၀၂၃ခုနစ် ကျောင်းအဆင့်စာစီစာကုံး၊ ကျပန်း၊ ကဗျာဆု၊ ကျောင်းလုပ်ငန်းဆုရရှိသူများ၊ ကျောင်းအဆင့်ပန်းချီပိုစတာဆုရရှိသူများ၊ ဓမ္မစင်္ကြာပထမဆုနှင့် အဖွဲ့လိုက် ဒုတိယဆုရရှိသူများ၊ ကျောင်းအဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုရရှိသူများ၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဘောလုံးပြိုင်ပွဲတွင် ခရိုင်အဆင့် ပထမဆုရရှိသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များ၊ ဧည့်သည်တော်ကြီးများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ ကပြဖျော်ဖြေမှုဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)