သံတွဲမြို့နယ်တွင် သီးနှံအခြေခံစားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 23,2023
သံတွဲခရိုင်၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် တီထွင်ဆန်းသစ်မှုများ ဖန်တီးရန် ရည်ရွယ်၍ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သံတွဲမြို့ အောက်မှတ်ချောင်း ကျေးရွာတွင် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် (၁)ပတ်အကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။