ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ်မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှေုအခြေအနေများနှင့် တောင်သူများထွန်ယက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ်မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှေုအခြေအနေများနှင့် တောင်သူများ ထွန်ယက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ကြာနီကန်ရပ်ကွက်၊ ကွင်းအမှတ် (၄၂၀A၊ ၄၂၀B)၊ အင်ကြင်းစင်ကွင်းရှိ နွေစပါးစိုက်ဧကများတွင် ရေဝင်ရောက်မှုနှင့် ထွန်ယက်နေမှုအခြေအနေများ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၂၀A၊ ၄၂၀B၊ ၄၂၀C)၊ အင်ကြင်စင်ကွင်းရှိ နွေစပါးစိုက်ဧကများတွင် ရေဝင်ရောက်မှုနှင့် ထွန်ယက်နေမှုအခြေအနေများ၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၉B) ကွန်းညှပ်စင်ကွင်းရှိ နွေစပါးစိုက်ဧကများတွင် ရေဝင်ရောက်မှုနှင့် ထွန်ယက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးလေလွင့်မရှိစေရေး သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် YAR-YAR14၊ ဗီယက်နမ်ရက်- ၉၀နှင့် ရတနာတိုး မျိုးကောင်းမျိုးသန့်များ ပျိုးထောင်နိုင်ရေး၊ သွင်းအားစုနှင့် ပျိုးထောင်းစိုက်ပျိုးမည့်ရက်တို့အား စောလျင်စွာ သတ်မှတ်စိုက်ပျိုးနိုင်စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)