သတင်းများ

မှော်ဘီမြို့နယ်၌ အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jan 18,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သီရိမင်္ဂလာဓာတုမယကျောင်းတိုက် သာသနာ့ဟိတရွှေကျောင်းတော်တွင် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်း အုန်းပင်စုရပ်ကွက်၌ဆောင်ရွက်
Jan 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဥပ္ပါတသန္တိကျမ်းမြတ် တတိယနေ့ ဆက်လက်ရွတ်ဖတ်ပူဇော်
Jan 18,2024
မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကျရောက်မှုမရှိစေရေးကိုရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီး၌ ဇန်နဝါရီလ (၁၆)ရက်နေ့မှစတင်ကာ စတုတ္ထအကြိမ်မြောက် ဥပ္ပါတသန္တိကျမ်းမြတ် စတင်ရွတ်ဖတ်ပူဇော်ခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် ကျမ်းမြတ်တော်အား ဆက်လက်ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
မအူပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.ထ.က(ခွဲ) (မရမ်းကွေ့)​​ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်ရုံး Community Centreခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲပြသဆောင်ရွက်
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ပန်းချီ ရေးဆွဲခြင်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်း အချိန်က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
မအူပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်
Jan 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က(ထန်းပင်ကွေ့အရှေ့)ကျောင်းတွင် ယမန်နေ့နေ့လည်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jan 18,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ မိမိတို့အတွက် အသိလိမ္မာတိုးပွား စေနိုင်သော စာအုပ်စာပေများကို အစဉ်အမြဲဘ၀၏ လက်တွဲဖော်မိတ်ဆွေများ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။