မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၃ မကွေးနှမ်းနက်နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကာ မိုးဦးရွာသွန်းမှုကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန်အမှီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။