သတင်းများ

လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် census unit များတွင် အဆောက်အအုံတင်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံတင်ခြင်းလုပ်ငန်းကို ယမန်နေနံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ဆောင်ရွက်သည်။
မိုးကုတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 17,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အ.ထ.က (ခွဲ) ရွာသစ်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုး​တက်စေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ အ.ထ.က (ခွဲ) ရွာသစ်ကျောင်းတွင် ယမန်နေ့က လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်အသိပညာ‌ပေးစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ
Jan 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသခဲ့သည်။
ရွှေတောင်မြို့နယ်မှ MSME လုပ်ငန်းဖြစ်သည့် “ ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းနှင့် တွေ့ဆုံမေးမြန်းမှု
Jan 17,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တစ်ခုအပါအဝင် ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။
 နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 17,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ခစာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ လူနေချုံကြား စိတ်နေဘုံဖျား စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။
ကွန်ဟိန်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်ပန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။