ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်း နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မီးသတ်ဦးစီး ဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။