ရန်ကုန် ဇန်နဝါရီ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “The 6th Western China International Fair for Investment and Trade (WCIFIT)” သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။
ပြပွဲသည် WCIFIT နှင့်အတူWCIFIT သည် တရုတ်နိုင်ငံ အနောက်ဘက်ဒေသရှိ အမျိုးသားအဆင့် နိုင်ငံတကာပွဲဖြစ်ပြီး အရေးကြီးသော သံတမန်ရေးရာ၊ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ပြပွဲတွင် ပါဝင်ပြသနိုင်ရန် 9㎡ standard booth တစ်ခန်းလျှင် Main Channel လျှော့ဈးအတွက် 1500 RMB နှင့် second channel လျှော့ဈးအတွက် 1000 RMB ဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြပွဲပြသသူများအနေဖြင့် ကုန်သွယ်မှုညှိနှိုင်းမှုများပြုလုပ်ရန်နှင့် အနောက်နိုင်ငံများနှင့် စျေးကွက်ချဲ့ထွင်ရန်အတွက် စူပါမားကတ်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များကဲ့သို့သော အနောက်တိုင်းဒေသရှိ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ်သည်။
ပြပွဲသို့ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ သက်ဆိုင်ရာညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များနှင့် မှတ်ပုံတင်ခြင်းကို Sukie Gu, Business Manager, Exhibition Division Chongqing, International Expo Center, Email: hellosukiee@163.com, Tel:+86-23-60358639, Mobile:+86-17621564134, Website: https://www.wcifit.com/ သို့ တိုက်ရိုက်စုံစမ်းမေးမြန်း၍ အမည်စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ပါဝင်တက်ရောက်မည်ဆိုပါက မိမိတို့၏ Company Letterhead ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါတ်တို့အား ကုန်သည်/စက်မှု အသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: itpc.umfcci@gmail.com၊ ဖုန်း ၀၁-၂၃၁ ၄၃၄၄ (Ext: ၃၀၁)၊ သို့ အမည်စာရင်း မိတ္တူ ပေးပို့နိုင်ပါရန် ဖိတ်ကြားထားသည်။
အောင်မြင့်(ပြန်/ဆက်)