အုတ်ဖိုမြို့နယ်တွင် အခြေခံစားသုံးကုန်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု စက်မှု၊ စိုက်ပျိုးရေးမွေးမြူရေး အထက်တန်းကျောင်းရှေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းညွှန်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီး ဟင်းရွက်များကို ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။