စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနား တက်ရောက်
Jun 23,2023
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ် ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး သစ်တောဖုံးလွှမ်းမှု တိုးတက် လာစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှသစ်တော သစ်ပင်များ၏ တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓါတ်များ ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းဝန်းအတွင်း၌ ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ နည်းပြဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။