သတင်းများ

မိုင်းရယ်မြို့နယ်၌ စားနပ်ရိက္ခာဖူလုံပိုလျှံရေး နွေစပါးပျိုးထောင်ထားရှိမှုအခြေအနေ ကြည့်ရှုစစ်ဆေး
Jan 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်/စီ/အင်း ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် နားခိုကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၊ ဦးပိုင် အမှတ် ၄၊ တောင်သူ ဦးအိုက်ကျော်၏ နွေစပါးပန်းတိုင်စံပြကွက် ၁၀ ဧက ပျိုးထောင်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 17,2024
ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် ဆုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး
Jan 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအချိန်ထိ ဆောင်ရွက်ပေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်
Jan 17,2024
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်တလင်းမြို့ အ.ထ.က(နတ်တလင်း)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အ.ထ.က(နတ်တလင်း)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံနှင့် မွမ်းမံတန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံ အခြေခံ ယို ၊ ဖျော်ရည် ၊ ဝိုင်အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ ကျင်းပ
Jan 17,2024
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအခြေခံနှင့် မွမ်းမံတန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို ၊ ဖျော်ရည် ၊ ဝိုင် အမျိုးမျိုး ) ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်း (၂) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ
Jan 17,2024
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက်ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။