စလင်း ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာမြို့မစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်း (၁၀)မျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ကွတ်ကဲမှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်ပစ္စည်း (၁၀)မျိုးအား စျေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုနှင့် တရားဝင်ရောင်းချနေမှုအပေါ် စျေးကွက်စောင်ကြည့်စစ်ဆေးရန် ညွှန်ကြားလာ၍ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ပြီး ကုန်ပစ္စည်း (၁၀)မျိုးအား ရွေးချယ်စစ်ဆေးခဲ့ရာ ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာမှုန့်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် ဟင်းချိုမှုန့် အရောင်တင်၊ မဆလာ၊ ခရုဆီ၊ ငံပြာရည် စသည့် ကုန်ပစ္စည်းများအား စျေးကွက်အတွင်း ရောင်းချရာ၌ သတ်မှတ်ထားသည့် အညွှန်း၊ အချိန်အတွယ်၊ ကုန်ပစ္စည်းအမျိုးအမည်၊ တရားဝင်တင်သွင်းမှု၊ ထုတ်လုပ်မှု မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခဲ့သည်။ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး အမှတ်စဥ်(၁)မှ (၅)အထိ ကုန်ပစ္စည်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး အမှတ်စဥ်(၆)မှ (၁၀)အထိ ကုန်ပစ္စည်းများကို ၂၀၂၄ ခုနှစ် မတ်လနောက်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စျေးရောင်း၊ စျေးဝယ်များ ဆိုင်ပိုင်ရှင်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဟောပြောကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း