သတင်းများ

ပေါင်းတည်မြို့ရှေးဟောင်းသမိုင်းဝင် မင်းလင်္ကျာနှင့်မင်းလက်ဝဲ စေတီတော်များအား ရွှေစင်သင်္ကန်းကပ်လှူရန် ပြည်သူများပါဝင်လှူဒါန်း
Jan 18,2024
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတည်မြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မင်းလင်္ကျာနှင့်မင်းလက်ဝဲသီရိစေတီတော်မြတ်များအား ရွှေစင်ရွှေသား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ဒေသခံနှင့်ရပ်နီးရပ်ဝေးပြည်သူများက ရွှေစင်ရွှေသားနှင့်ငွေသားများ ပါဝင်လှူဒါန်းလျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 18,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) Grade (6) တန်းတွင် ကျင်းပခဲ့သည်။
ဝေါမြို့နယ် အ-ထ-က(ခွဲ) ဆင်ရွာကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Jan 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်း ၁၀း၀၀နာရီတွင် ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဆင်ရွာ၌ ကျင်းပကြောင်း သိရသည်။
ဖြူးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ လူပီသသောလူ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jan 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအားပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်ပြီး စာရေးဆရာကိုစိုးထိုက်(ဖဒို)ရေးသားသည့်“လူပီသသောလူ”စာအုပ်အား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများပြုလုပ်
Jan 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က(ခွဲ)(ခင်သာ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး မျက်ပါးရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲကျင်းပ
Jan 18,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် ရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် အ.ထ.က (သန္ဓေပင်) ၌ ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ကျင်းပခဲ့သည်။
မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းတွင် ဆုံဆို့နှင့် မေးခိုင်ကာကွယ်ဆေးထိုးနှံ
Jan 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ မာဂဓီသာစည် ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။