သတင်းများ

မလှိုင်မြို့နယ်၌ မိုး/မိုးနှောင်းချည်မျှင်ရှည် ဝါစိုက် တောင်သူများအား စနစ်တကျ ဝါစိုက်ပျိုးနည်း သင်တန်း ပို့ချ
Jun 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါစိုက် တောင်သူများအား စနစ်တကျ ဝါစိုက်ပျိုးနည်း သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
လောင်းလုံးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်နိုင်ရေး ကော်မတီ အဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖျာပုံမြို့၌ ခရိုင်ဒေသတွင်း (MSMEs) ထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲ ကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs) အထူးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမရှေ့၌ ပြုလုပ်ကျင်းပသည်။
တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ
Jun 23,2023
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၂၁ ရက်တွင် မော်လမြိုင်မြို့နယ် ဇေယျာမြိုင်ရပ်ကွက်ရှိ တောင်သူ ဦးမင်းနိုင် ဦး၏ လယ်ယာမြေ (၁) ဧက၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တားဆီးကာကွယ်ရေးအတွက် မဲ့၊ ခြင်၊ ယင်နှင့် ပိုးလောက်လမ်းများ မပေါက်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စည်ပင်သာယာ မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။
သံတွဲမြို့နယ်တွင် သီးနှံအခြေခံစားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jun 23,2023
သံတွဲခရိုင်၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ  အမျိုးသမီးများ အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် တီထွင်ဆန်းသစ်မှုများ ဖန်တီးရန် ရည်ရွယ်၍ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သံတွဲမြို့ အောက်မှတ်ချောင်း ကျေးရွာတွင် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် (၁)ပတ်အကြာ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Jun 23,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးများ ကြွေကျခြင်းများကြောင့် ပလနကျေးရွာအုပ်စုမှ ဘေးသင့် အိမ်ထောင်စုများနှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် အိမ်ခြေ(၃၀၀) မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။