ချောင်းဆုံမြို့နယ်တွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

ချောင်းဆုံ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် မွေးမြူနိုင်ရေးလုပ်ငန်းများကို စနစ်တကျပြုလုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၂)ရက်ကြာ  ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မွေးမြူရေးလုပ်ကိုင်ရာတွင် လိုက်နာရမည့်အခြေခံအချက်များ မွေးမြူရေးခြံများ၊ တိရစ္ဆာန်များအတွက် ဇီဝလုံခြုံရေးဆောင်ရွက်ချက်များနှင့် တိရစ္ဆာန်အစားအစာများ စရိတ်သက်သာစွာ ထုတ်လုပ်ကျွေးမွေးနိုင်ရေးစသည်တို့ကို မော်လမြိုင်ခရိုင်(မွေး/ကု)ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးချမ်း၊မြို့နယ်(မွေး/ကု)ဦးစီးဌာနမှ ဒေါက်တာနွဲ့နွဲ့ရီနှင့်ဝန်ထမ်းများမှ  သင်တန်းသား/သူ(၁၅)ဦးတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)