မိုင်းနောင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်အယ်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့သည်။
ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းအဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)